အခွင့်အလမ်းတွေဟာ ကိုယ်ဘေးပတ်လည်မှာ အမြဲရှိနေတတ်ပါတယ်

ရွာကိုရောက်လာတဲ့ သူ့သူငယ်ချင်းတစ်ယောက်က သူနေခဲ့တဲ့မြို့က ဌာန တစ်ခုမှာ တံခါးစောင့် အလုပ်သမားလိုနေတယ်။ ဘာအရည်အချင်းမှ မလိုဘူးဆိုတာနဲ့ အလုပ်မရှိလို့ ကြံရာမရဖြစ်နေတဲ့ တောသားလေးအတွက်မျော်လင့်ချက်အိပ်မက် ကြီး ဖြစ်လာပြီး..အဲဒီသူငယ်ချင်းပေးလာတဲ့မြေပုံလိပ်စာလေးအတိုင်းတောင်မေးမြောက်မေးနဲ့ ခက်ခက်ခဲခဲ အဲဒီဌာန ကိုရောက်သွားရှာ ပါတော့တယ်။

ချွေးဒီးဒီး ကျအောင်စုံစမ်းမေးမြန်း ပြီးမှ အလုပ်သမားလိုတယ်ဆိုတဲ့ဌာန ကိုရောက်တာနဲ့ တောသားလူငယ်လေးဟာ အရဲစွန့်ပြီးတော့ ..အလုပ်ဝင်လျှောက်ပါတော့တယ်။ အဲဒီမှာဌာန မှုးကသူ့ကိုထိုင်ခိုင်းပြီး လျှောက်လွာစာရွက်တစ်ရွက်ရယ် ဘောပင်ရယ် ထိုးပေးပြီး ဖောင်ဖြည့် လို့ပြောပါတယ်။ တောသားလူငယ်လည်းမျက်လုံးလေးအဝိုင်းသားနဲ့ ”ဆရာကျွန်တော် စာမရေးတတ်မဖတ်တတ်ပါဘူးခင်ဗျာ” လို့ အသံတိုးတိုးနဲ့ ဝန်ခံရှာ ပါရော..

အဲ့တော့ဌာနမှုးမျက်နှာ ထားတင်းသွားပြီး “ဘာကွ ဒီဌာန မှာဒရဝမ် အလုပ်လုပ်ဖို့ ဘာဘွဲ့ အရည်အချင်းမှ မလိုဘူးဆိုပေမဲ့ စာလေးတော့ ရေးတတ် ဖတ်တတ်မှ ဖြစ်မှာပေါ့ကွ ” ဆိုပြီး လေသံမာမာနဲ့ဟောက်ပါလေရော။ လူငယ်လေးလည်း မျက်နှာငယ်လေးနဲ့ လက်အုပ်ချီပြီးတောင်းပန်ရှာတာ ကျွန်တော် တကယ် စာမတတ်လို့ပါ။ ဒါပေမဲ့ ကျွန်တော့်ကိုကြိုက်တာခိုင်းပါ။တံမြက်စဉ်းလှဲ ကြမ်းတိုက် ခြံရှင်း ပင်ပန်းတဲ့အလုပ်တွေ ကျွန်တော် အကုန် လုပ်ပေးနိုင်ပါတယ်။

လောလောဆယ်ကျွန်တော့်ကို အလုပ်ပဲ ပေးလုပ်ပါ။ ကျွန်တော် နောက်ကျရင် ကြိုးစားသင်ယူ ပါ့မယ် လို့ တောင်းပန်ရှာတယ်။ ဌာန မှုးလည်း ဘောပင်နဲ့ စာရွက်ကို ဆတ်ခနဲ ပြန်ဆွဲ ယူလိုက်ပြီး ဒါဆိုလည်းလုံးဝမဖြစ်နိုင်ပါဘူး ပြန်လို့ရပါပြီဆိုပြီး တစ်ချက်မှတောင်မော့မကြည်တော့ပဲ နှင်ထုတ်လိုက်ပါတော့တယ်။

လူငယ်လေးလည်း မျော်လင့်ချက်မဲ့ စွာနဲ့ အတောင်ကျိုးတဲ့ ငှက်လို မြို့ကြီးထဲမှာဘာဆက်လုပ် ရမယ်မှန်းမသိတော့တာနဲ့ စိတ်ဓါတ်ကျစွာနဲ့ ရှိသမျှ ပိုက်ဆံလေးကိုကျစ်ကျစ်ပါအောင် ကိုင်ပြီးရွာကို ပြန် ခဲ့ရှာတော့တယ်။ ရွာပြန်ရောက်တော့မှ ဘာဆက်လုပ်ရမလည်းလို့စဉ်းစားရင်း သူ့ရဲ့ ဆုံးသွားတဲ့အဖိုးက ရွာထိပ်နားမှာ တောထနေအောင် ခြုံထူတဲ့ မြေတစ်ကွက် အမွေပေးထားခဲ့တာ သွားသတိရပြီး အိမ်မှာရှိတဲ့ပေါက်ပြားတွေ တံရွင်းတွေကို ထက်နေအောင်သွေးပြီး အဲ့ဲဒီခြံကိုစရှင်းပါတော့တယ်။

မခံချင်စိတ်ရယ်မာန စိတ်ရယ် ပေါင်းပြီး ခြံကြီးကိုရှင်းပြီးတော့ စိုက်ခင်းဘောင် တွေဖြေးဖြေးချင်းဖော်ဖော်သွားပြီး ဇွဲနဘဲ နဲ့ တစ်ယောက်တည်းကြိုးစား ပြီးနေ့တိုင်းခြံသွားသွားပေါက် အသီးအရွက်တွေသွားသွားစိုက် ပစ်လိုက်တာ သူ့ရဲ့ကြိုးစားမှု့ ရလဒ်ကြောင့်လာ ကံဇာတာကပဲ စန်းထလာလို့လား တော့မသိဘူး။ သူစိုက်တဲ့ အသီးအရွက် တွေတအားဖြစ်ထွန်းပြီး ဈေးကောင်းတွေရ ရောတဲ့ အသီးအရွက်တွေ ထွက်လာတော့ အမြတ်တွေများများစားစားလေးရလာ တာနဲ့ နောက်နှစ်ကျတော့ ဘေးကပ်ရက်ခြံကိုပါဝယ် ပြီး သူ့ရဲ့ စိုက်ခင်းကိုချဲ့ထွင်နိုင်ခဲ့တယ်။

စိုက်ပျိုးရေးအပြင်မွေးမြူရေးတွေပါတိုးချဲ့ပြီး တစ်နှစ်ပြီးတစ်နှစ်ကြိုးစားလိုက်တာ…ဒီလိုနဲ့ သိပ်မကြာခင်နှစ်တွေ အတွင်းမှာ ခြံတွေတစ်ဖြေးဖြေးများလာပြီး သူရင်းငှားတွေ လက်ထောက်တွေနဲ့ သူဟာ ရွာမှာတင်မကပဲ အဲ့နားနီးပါးက ခရိုင်တွေမြို့တွေအထိတောင် လူသိများတဲ့ ခြံတွေအများကြီးပိုင်ဆိုင်တဲ့ သူဌေးကြီးဖြစ်လာလေရောတဲ့…

ဒီလိုနဲ့ နှစ်တွေကြာလာခဲ့ပြီးတော့ တစ်နေ့မှာ သီးနှံရာသီ ကုန်လို့ တောင်ယာကိစ္စ စိုက်ပျိုးရေးကိစ္စတွေကိုသားသမီးမြေးတွေနဲ့ လက်ထောက်တွေက စီမံခန့်ခွဲပြီးသွားတဲ့အခါ ရောင်းရငွေအမြတ်အစွန်း တွေကို အိတ်ကြီးတွေနဲ့ထည့်ကားနဲ့ တင်ပြီးမြို့ကိုတက်ကာ ဘဏ် မှာသွားအပ်ဖို့လာခဲ့ရောတဲ့။ ဘဏ်ကိုရောက်တော့ သူဌေးကြီးပိုက်ဆံ လာအပ်တယ်ဆိုတော့ ဘဏ်ဝန်ထမ်းတွေကပြာပြာသလဲ ထွက်ကြိုဆိုကြတယ်။

ဘဏ်မန်နေဂျာကိုယ်တိုင် သူဌေး ကြီးကိုထွက် ကြိုဆိုပြီးသူတို့ဘဏ်ကို ယုံကြည် အားပေးတဲ့အတွက် အထူး ဂုဏ်ယူ ဝမ်းမြောက် ကြောင်းကျေးဇူးတင်စကားတွေပြောပြီး သဌေးကြီးကိုဘဏ်အကောင့်သစ် ဖွင့်ပေးနိုင်ဖို့ သူကိုယ်တိုင်သူ့ရဲ့ အကောင်းစားဘောပင်ကို တရိုတသေထုတ်ပေးပြီး သူဌေးကြီးကို အကောင့်သစ်ဖွင့်တဲ့ဖောင့် ပုံစံဖြည့်ဖို့ ကမ်းပေးတယ်..

သူဌေးက ပြောတာ ငါတူ အဘ ကစာမရေးတတ် မဖတ်တတ်ဘူးကွဲ့ ငါတူပဲ အဆင်ပြေသလိုကြည့်ပြီးဖြည့်ပေးလိုက်ပါကွာဆိုတော့ ဘဏ်မန်နေဂျာလည်း အင်မတန် အားနာတဲ့အမူအယာ နဲ့ ကမန်းကတန်း ပြန်ယူပြီးတလေးတစား တစ်ခုချင်းစီဖတ်ပြပေး ရေးပေးခဲ့တယ်။ ပြီးတော့ ဘဏ်မန်နေဂျာလည်းရင်ထဲရှိတာ မအောင့်ထားနိုင်တော့ ရိုရိုသေသေနဲ့ မရဲတရဲ မေးတယ် သဌေးကြီးခင်ဗျာ သခင်ကြီးဟာ ဒီခရိုင်တစ်ဝိုက်မှာ အောင်မြင်ကျော်ကြားပြီး ကြီးပွားတိုးတက် နေတဲ့ ခြံပိုင်ရှင် သူဌေးကြီး ဖြစ်နေတာ လူတိုင်း သိရှိလေးစားကြပါတယ် ၊၊

ကျွန်တော်မသိခဲ့ဖူးတာ လေးကိုလေးလေးစားစား နဲ့ မေးကြည့်ချင်လို့ပါ သခင် စာ မရေးတတ် မဖတ်တတ်ခဲ့ဖူးတာ တကယ် ကြီးပဲလားခင်ဗျာ .ဆိုတော့…သူဌေး ကြီးက မန်နေဂျာကို သဘောမနော ကောင်းလွန်းတဲ့ သူ့ရဲ့ ပင်ကိုဟန်အပြုံးနဲ့ပြုံးပြ ပြီး…တကယ်လို့ အဘသာ စာတတ်ခဲ့ယင် ……ဆိုပြီးစကားကိုခဏ ရပ်ကာ သက်ပြင်းရှည် ကြီးကို ရှူထုတ်ရင်း မန်နေဂျာတောင် အံ့သြပြီး ကြောင်သွား အောင် ဆက်ပြောလိုက်တာ
“ခုလောက်ဆို အဘ အစောင့်ဒရဝမ် ကြီး ဖြစ်နေခဲ့ပြီ” တဲ့…

ပြောပြချင်တာက…တကယ်တမ်းတော့ ကိုယ့်ရဲ့တန်ဖိုးဟာ သူတကာက ကိုယ့်အပေါ်ဘယ်လိုမြင် သလဲဆိုတာအပေါ်မှာ မမူတည်ပါဘူး။ ကိုယ့်အပေါ်မှာပဲ မူတည်နေတာပါ။ အခွင့်အလမ်း ဆိုတာကိုယ့်ဘေးပတ်လည်မှာ အမြဲ ရှိနေတတ်ပါတယ်။ ကိုယ်ကသာဖမ်းယူတတ်ပြီး ကိုယ်လုပ်နိုင်တဲ့အရာအပေါ် အကောင်းဆုံးလုပ်ဆောင် ပြီးကိုယ်စွမ်းနိုင်သလောက် အကောင်းဆုံး ဆောင်ရွက်ခဲ့မယ်ဆိုရင် ..အကျိုးအမြတ် အသီးအပွင့်တွေက သူ့ဖာသာဝေဆာလာမှာ…ပဲ ဖြစ် ပါတော့တယ်ခင်ဗျာ……

“လွပ်လပ်မှု့ ဆိုတာ လူတိုင်းအတွက် ဖြစ်နိုင်ပါတယ် ကိုယ်ကသာ ရွေးချယ်ခဲ့မယ် ဆိုယင်ပေါ့ ”

Via : သင်သိရင် သင်ချမ်းသာလိမ့်မယ်

Likes:
0 0
Views:
278
Article Categories:
BooksKNOWLEDGE

Leave a Reply

Your email address will not be published. Required fields are marked *